Clash of clans war ရှာတိုင်း ပွဲကြပ်တွေပဲတွေ့နေတယ်.. war က မမျှတဘူး.. ကိုယ့်ထက်မြင့်တဲ့ base တွေချည်းပဲ တွေ့နေတယ်.. စသဖြင့် ငြီးကြတာ ကြားဖူးကြမယ်၊ ကိုယ်တိုင်လည်း ကြုံဖူးကြမယ်ထင်ပါတယ်။ အဲလို မမျှတတဲ့ ပြိုင်ဖက်တွေ မကြုံရအောင် တချို့က ကလန်တစ်ခုလုံး ဖလားလို့ခေါ်တဲ့ trophy တွေချကြတယ်.. တချို့က town hall ငယ်တဲ့ base ပိုင်ရှင်ကို war search ခိုင်းတယ်။ အလုပ်ဖြစ်သလားဆိုတော့ မဖြစ်ပါဘူး။ ဒါတွေဟာ မှန်ကန်တဲ့ အဖြေလည်း မဟုတ်ပါဘူး။ ခုစာတိုထဲမှာ ဒီလို မမျှတတဲ့ ပြိုင်ဖက်တွေကို တတ်နိုင်သလောက် ရှောင်လွှဲနိုင်မယ့် နည်းလမ်းတွေကို ကျနော်ဖတ်မှတ်ထားသလောက် ပြန်လည်ဝေမျှသွားမှာ ဖြစ်ပါတယ်။