War Matchmarking အကြောင်း တစေ့တစောင်း (zulu)
![]() |
ထည့်မတွက်တဲ့အချက်တွေ
war search နေတဲ့ ကလန်တစ်ခုနှင့်တစ်ခု ပေးတွေ့ဖို့ စဉ်းစားတဲ့အခါ အောက်ကအချက်တွေကို ထည့်သွင်းမစဉ်းစားပါဘူး..
trophy (ဖလားအရေအတွက်)
experience level (လယ်ဗယ် ၁၀၀ ကျော်၊ ၁၅၀ စသည်)
Clan Location ( Myanmar, International စသည်)
Clan Level ( Clan 5, 6 စသည်)
War Weight နဲ့ပဲ ချိန်တွယ်တယ်
ဒီနေ့ကမ္ဘာမှာ ကလန်ပေါင်း သန်းဂဏန်းနီးပါးရှိမယ်လို့ ခန့်မှန်းရတယ် (Supercell ကလည်း ဘယ်တော့မှ တရားဝင် ထုတ်ပြန်မှာမဟုတ်)။ အဲဒီကလန်တွေထဲမှာ ကိုယ်တွေနဲ့ အိပ်ချိန်စားချိန်တူညီ နီးစပ်တဲ့ ဒေသတွင်းနိုင်ငံတွေက ကိုယ့်လိုပဲ war search တဲ့ ကလန်တွေထဲကမှ အနီးစပ်ဆုံး တူညီတဲ့ ကလန်နဲ့ ပေးတွေ့တာပါ။ တစ်ထေရာထဲတူတဲ့ ကလန်ဆိုတာရှိဖို့မလွယ်သလို၊ ရှိသည့်တိုင် တပြိုင်နက်တည်း ရှာနေကြဖို့ မလွယ်ပါဘူး။ ခုနက ပြောတဲ့အထဲမှာ အိပ်ချိန်စားချိန်ဆိုတာပါ ပါတယ်.. ကျနော်တို့အနေနဲ့ war ကြပ်တာကို ရှောင်လွှဲချင်လို့ Clan location ကို Myanmar ကနေ International လို့ပဲပြောင်းပြောင်း.. United States လို့ပဲပြောင်းပြောင်း ဘာမှ မထူးပါဘူး။ ရှာနေကျအချိန်မှာ ရှာတော့.. တွေ့နေကျ ပြိုင်ဖက်ဟောင်းတွေပဲ ပြန်တွေ့ဖို့ရှိပါတယ်။
War ရှာနေတဲ့ ကလန်တွေထဲမှာမှ မျှမျှတတဖြစ်အောင် ပြိုင်ဖက်ကို supercell က ဘာကိုတိုင်းတာပြီး ပေးတွေ့သလဲဆိုရင် war weight နဲ့ တိုင်းတာပြီး ပေးတွေ့စေတာပါ။ လက်ဝှေ့မှာ ၀ိတ်တန်းတူရာပဲ ယှဉ်ပြိုင်စေသလိုပေါ့လေ။ clan တစ်ခုရဲ့ war weight ကို ဘယ်လိုတွက်ပါသလဲဆိုရင် war ပါတဲ့ base တွေရဲ့ war weight စုစုပေါင်းဖြစ်ပါတယ်။
Base တစ်ခုရဲ့ war weight တွက်ချက်ပုံ
defense tower တစ်ခုချင်းစီမှာ hit point, damage per second ရှိသလို weight ဆိုတာလည်းရှိပါတယ်။ ဥပမာ level 8 cannon တစ်ခုမှာ hp 770, dps 48 နှင့် weight 772 ရှိပါတယ်။
unlocked ဖြစ်ပြီးသား troop တိုင်းအတွက်လည်း weight ရှိပါတယ်။ ဥပမာ dragon level2 ရဲ့ weight က 300 ဖြစ်ပြီးတော့ level3 လည်း ဖြစ်သွားရော weight ဟာ 450 ဖြစ်သွားပါတယ်။
trap and tesla တွေမှာလည်း weight ရှိပါတယ်။
wall တွေမှာလည်း weight ရှိပါတယ်။ တော်တော်ကို ရှိပါတယ်။ (ခြွင်းချက်အနေနဲ့ wall level4 ထိ weight မရှိပါဘူး။ wall5 တစ်ခုက weight 21 ရှိပါတယ်။)
Spell တွေမှာလည်း weight ရှိပါတယ်။ level မြင့်လေ weight တက်လေ။
Hero တွေမှာလည်း weight ရှိပါတယ်။
ဒါတွေက အလွယ်ဖတ်လို့ရအောင် အကြမ်းဖျဉ်းရေးလိုက်တာပါ။ ပစ္စည်းတစ်ခုချင်းစီရဲ့ level အလိုက် weight ဘယ်လောက်ရှိသလဲ သိလိုရင်ဖြစ်ဖြစ်၊ ကိုယ့် base တစ်ခုလုံးရဲ့ weight ကို ချိန်ချင်ရင်ပဲဖြစ်ဖြစ် ဒီ excel ဖိုင် ကို ဒေါင်းလုဒ်ဆွဲပါ။ ပုံမှာ အစိမ်းရောင်ခြယ်ထားတဲ့နေရာမှာ ကိုယ့် defn level, troop level တွေ ဖြည့်သွင်းလိုက်ရုံနဲ့ အောက်ဆုံးမှာ auto ပေါင်းပေးအောင် formula ချိတ်ထားပါတယ်။ ဒီကိန်းဂဏန်းတွေကို Moskri Clashheads ဆိုသူက ထုတ်ပေးတာလို့ ဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။
War Weight ကို ဘယ်လိုကစားမလဲ
အကြမ်းဖျဉ်းအားဖြင့် defn tower တွေဟာ trap တွေထက်၊ troop တွေထက် weight ပိုများပါတယ်။ ဒါကြောင့် clan war တွေ အဓိကထားတိုက်တဲ့ clan mate တွေအဖို့ town hall အသစ်ရောက်တဲ့အခါ defense ထက်.. offense နှင့် အခြား non defense တွေကို ဦးစားပေး အဆင့်မြှင့်ဖို့/အသစ်ဝယ်ဖို့ တိုက်တွန်းကြတာဖြစ်ပါတယ်။ တခါတရံ non defensive building တွေဟာလည်း ကာကွယ်ရေးမှာ ကောင်းကောင်းအထောက်အကူ ပြုတတ်ကြပါတယ်။ ဥပမာ TH8 ရောက်တဲ့အခါ gold and eli storage တစ်လုံးစီထပ်ရပါတယ်.. အဲဒီ အိုးနှစ်လုံးဟာ max level ရောက်လာတဲ့အခါ hit point ဟာ အတော်ကြီးတက်လာတာမို့ အနီးက air defense ကို dragon တွေ အလွယ်တကူ မတိုက်ခိုက်နိုင်အောင် ကောင်းကောင်း အကာအကွယ်ပေးနိုင်နေပြီ ဖြစ်ပါတယ်။ ad 6 ကို storage သေးသေးလေး ၂ လုံး ကာထားတာထက်.. ad5 ကို level 11 storage ၂ လုံးကာထားတာက dragon တွေကို ပိုပြီး ပစ်ချနိုင်မှာဖြစ်ပါတယ်.. war weight လည်း ပိုနည်းပါတယ်။
ဒီလိုဆိုတော့ ကျနော်တို့ဟာ war weight မတက်အောင် ထိန်းထားရမလားဆိုတော့ အဲလိုလည်း မဟုတ်ပါဘူး။ အကောင်ကြီးလာတာနှင့်အမျှ အချိန်စီးလာရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အပေါ်မှတွက်ပြသလို ဘယ်ဟာက ပိုပြီး ‘တွက်ခြေကိုက်’ သလဲ ချိန်ဆနိုင်ဖို့၊ နောက်ပြီး သင့်တော်တဲ့အချိန်မှ war wight အတက်ခံပြီး အဆင့်မြှင့်ဖို့ဖြစ်ပါတယ်။ ဒီလိုချိန်ဆတဲ့အလုပ်ဟာ ကိုယ့်base တစ်ခုထဲလုပ်နေရင်တော့ ကလန်အတွက် သိပ်ထိရောက်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ကလန်တစ်ခုလုံးက တက်ညီလက်ညီ လုပ်ကြမယ်ဆိုရင် သိသိသာသာကြီးဖြစ်လာမှာပါပဲ။ ဒီစာတိုတစ်ခုလုံးရဲ့ ရည်ရွယ်ချက်နှင့် စေတနာဟာ ဒါပါပဲ။
Town Hall 8.5, 9.5 အကြောင်း
war weight တွေ အလုပ်လုပ်ပုံကို သိလာတဲ့အခါ TH8.5, TH9.5 ဆိုတာတွေ ထွင်လာကြတယ်။ ဒီခေါင်းစဉ်အကြောင်းကို မြန်မာလို တစ်ယောက်ပြန်ထားတာရှိပြီးသားမို့ အသေးစိတ် မရေးတော့ပါ။ အကြမ်းဖျဉ်းအားဖြင့် TH8.5 ဆိုတာ TH9 ပါပဲ.. ဒါပေမယ့် TH9 မှာ အသစ်ဝယ်လို့ရတဲ့ Defn tower တွေ၊ Trap တွေ ဘာတစ်ခုမှ ထပ်မ၀ယ်ပါဘူး၊ wall တွေလည်း ထပ်မ၀ယ်ပါဘူး၊ ရှိပြီး wall တွေကိုလည်း TH8 max အဆင့်မှာပဲ ရပ်ထားပါတယ်။ ဒါပေမယ့် offense power ကိုတော့ ဂိတ်ကုန်တင်ပါတယ်.. heros, camps, spells, lab, new troops စသည်။ လိုရင်းကတော့ war weight သိပ်မတက်စေဘဲ max TH9 ကို အပြတ်အသတ်ချေမှုန်းနိုင်တဲ့အဆင့်ရောက်အောင် လုပ်တာပါပဲ။ ဒါကြောင့် သူ့ရဲ့ war weight ဟာ TH8 လည်းမက TH9 လည်းမကျဖြစ်နေလို့ TH8.5 လို့ ခေါ်တာဖြစ်ပါတယ်။ TH8.5 ရဲ့ တိုက်ခိုက်ရေးအင်အားဟာ TH9 max ဖြစ်သော်လည်း သီအိုရီအရဆိုရင် သူ့ရဲ့ပြိုင်ဖက်ဟာ TH9 max မလာနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုရင် သူ့ရဲ့ war weight ဟာ TH9 max အဆင့် မရှိလို့ပါပဲ။ TH9.5 base လည်း အဲဒီသဘောပါပဲ။
မမျှတတဲ့ ပြိုင်ဖက်များကို ရှောင်လွှဲနိုင်မည့် နောက်တနည်း
war weight ကို ကစားပြီး မလိုအပ်ဘဲ weight တက်မခံတဲ့နည်းကို ကလန်အလိုက် ကျင့်သုံးတတ်လာပြီဆိုရင် ကိုယ့်ထက်မတန်တဆ မြင့်တဲ့ ပြိုင်ဖက်တွေကို အတော်အတန်ရှောင်ကွင်းနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်တနည်းကတော့ war searching time ကို ခပ်တိုတိုဖြတ်ပါ။ war ရှာတာ ကြာလာရင် cancel လုပ်ပြီး ပြန်ရှာပါ။ ဒီနည်းဟာ ချက်ခြင်းကျင့်သုံးနိုင်တဲ့နည်းဖြစ်ပြီး လက်တွေ့လည်း ထိရောက်ပါတယ်။ Supercell ဟာ ကျနော်တို့နဲ့ war weight တူရာကိုပဲ ပေးတွေ့တယ်ဆိုပေမယ့် ကိုယ်နဲ့ weight တူတဲ့ ကလန်မပေါ်လာမချင်း ထိုင်စောင့်ပြီး ရှာပေးနေတာတော့ မဟုတ်ပါဘူး.. အချိန်နည်းနည်းကြာလာတာနဲ့ နောက်ထပ် တဆင့်နီးစပ်တာကို ပြောင်းရှာပေးပါတယ်။ ဥပမာ ကျနော်တို့ကလန်ရဲ့ war weight က ၉ သောင်းဆိုပါတော့.. ပထမအဆင့်အနေနဲ့ ၈သောင်းခွဲနှင့် ၉ သောင်းခွဲအတွင်းက အနီးစပ်ဆုံးပြိုင်ဖက်ကို ရှာပေးပါလိမ့်မယ်။ အချိန်ကြာလာလို့ မရှိသေးဘူး၊ မတွေ့သေးဘူးဆိုရင် ၈ သောင်းနှင့် ၁ သိန်းအတွင်း ပြိုင်ဖက်ရှိလား တိုက်စစ်ပါလိမ့်မယ်။ အဲဒီမှာ ဇကာပေါက်ဟာ ကျယ်လာတော့ တွေ့ကို တွေ့မှာပဲဖြစ်ပါတယ်။ ၈ သောင်း weight ရှိတဲ့ ပြိုင်ဖက်နဲ့တွေ့တဲ့အခါ war ချောင်တယ်လို့ ဖြစ်ပြီး.. ၁ သိန်းနဲ့တွေ့တဲ့အခါ war ကြပ်တယ်ဖြစ်ကုန်ပါရော။ ကျနော်တို့ ပြိုင်ဖက်ရပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ၉ သောင်း weight ရှိတဲ့ ကလန်တချို့ war ရှာ တက်လာပေမယ့် ကျနော်တို့နဲ့ လွဲသွားပါပြီ။ ဖူးစာဖက်အမှန်ကိုတွေ့ဖို့ ကြာကြာမရှာပါနဲ့.. မြန်မြန်သွက်သွက်နဲ့ ခဏခဏရှာပါ။ :P
ရှားပါးတဲ့ ကလန်ဖွဲ့စည်းပုံကို ရှောင်ပါ
မမျှတတဲ့ ပြိုင်ဖက်တွေကို ရှောင်ရှားနိုင်ဖို့ နောက်တနည်းကတော့ ရှားပါးတဲ့ ကလန်ဖွဲ့စည်းပုံကိုရှောင်ဖို့ပါပဲ။ ဥပမာ (1 TH10+ 1 TH8+ 7 TH7+6 TH6)နဲ့ war ရှာတယ်ဆိုပါတော့.. ပြိုင်ဖက်ဟာ ပုံမှန်ကလန်တွေမှာ တွေ့ရတတ်တဲ့ (2 TH9+ 5 TH8+5 TH7+3 TH6) ဆိုပါတော့.. နှစ်ဖက်လုံးက base တိုင်းဟာ maxed TH တွေချည်းပဲဆိုရင် TH10 ရှိတဲ့ဖက်က ထိပ်ပိုင်းမှာ နိုင်ပေမယ့် အလယ်ပိုင်းမှာ ရှုံးတာကြောင့် clan war ရှုံးမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ TH10 ရဲ့ weight ဟာ အလွန်အမင်းကြီးပေမယ့်လည်း တကယ်တာဝန်ယူရတာဟာ TH9 (၂)လုံးပဲဖြစ်လို့ သူ့ရဲ့ weight ဟာ အလကားဖြစ်ကုန်တာကြောင့်ပါ။ ဒီဥပမာဟာ မြင်လွယ်အောင် တစ်တစ်ခွခွလုပ်ထားတာဖြစ်ပေမယ့် လက်တွေမှာလည်း အဲလိုသဘောဆန်ဆန်လေးတွေ မကြာခဏကြုံရပါတယ်။ တခါတရံ war ရှာတာ အချိန်ကြာပေမယ့် ပြိုင်ဖက်ဟာ မတွေ့နိုင်ဘဲဖြစ်နေပါတယ်၊ ခဏခဏ restart လုပ်လည်း မတွေ့နိုင်ဘဲဖြစ်နေပါတယ်.. အဲဒီမှာ ထိပ်ပိုင်းက Base တချို့ကို အတိုးအလျှာ့ကစားကြည့်ပြီး ရှာလိုက်တာနဲ့ ချက်ခြင်းတွေ့တာမျိုးကြုံဖူးကြမှာပါ။ အဲလိုမကစားဘဲ ပေပြီးဆက်ရှာရင်တော့ တွေ့ရမယ့် ပြိုင်ဖက်ဟာ သိပ်နိမ့်လွန်း (သို့မဟုတ်) သိပ်မြင့်လွန်းတာဖြစ်နေပါလိမ့်မယ်။
Credit ပေးခြင်း
ဒီစာစုဟာ ဆောင်းပါးတစ်ခုတည်းကို ဘာသာပြန်ထားတာမဟုတ်လို့ သတ်သတ်မှတ်မှတ် credit ပေးဖို့ခက်ပါတယ်။ ဒါပေမယ့် ဒီစာစုထဲက ကောင်းတဲ့အချက်အလက်များအားလုံးဟာ မူရင်းပိုင်ရှင်တွေရဲ့ ကျေးဇူးတွေကြောင့်ပဲဖြစ်ပြီး.. ညံ့ဖျင်းတာပါရင် ကျနော့လိုအပ်ချက်ကြောင့်သာလို့ မှတ်ယူပေးကြပါ။ နောက်တစ်ချက်က Supercell ရဲ့ update တွေနဲ့အတူ ဒီထဲက အချက်အလက် ကိန်းဂဏန်းတချို့ဟာ တချိန်မှာ ပြောင်းလဲကောင်း ပြောင်းလဲနေနိုင်ပါတယ်လို့။
မြန်မာ clasher များ ပို၍အောင်မြင်ပါစေ။
ဇူးလူး


Comments
Post a Comment