clash of clans 2015 ဒီဇင်ဘာ update အကြောင်းများ(Zeker Joe)





1. Townhall ကို ကာကွယ်ပါ။ဒီအချက် ကအရေး အကြီးဆုံး အချက်ပါ.. အရင်လို Townhall အပြင်ထုတ်ထားလို့ Shields 12 Hours မရတော့ပါဘူး.. ထို့ကြောင့် မိမိ Townhall အားအမြန်ဆုံး ဘေ့စ်အတွင်းသို့သွင်းပြီး ကာကွယ်ထားပါ။ 12 Hours Shield ဟာ 33% တိုက်ခိုက်ခံရ မှသာ ရမှာမို့ Townhall ကို ကာကွယ်ရမှာပါ အဘယ်ကြောင့်ဆို သော် Townhall မှာ မိမိတွင်ရှိသော Gold /Elixir Storage တခုစာနှင့်ညီမျှသော Loot နဲ့ Dark Elixir 25% ကို ရနိုင်သောကြောင့် ဖြစ်ပါတယ်။အရင်လို Storage တွေ ထုတ်ထားပေးမှ အလှူမဟုတ်တော့ဘူး။ အပြင်ထုတ်ထားတဲ့TH တလုံး တွေ့တာနဲ့ အလှူပဲ။ တွေ့ဖို့လဲ သိပ်တော့မလွယ်တော့ပါဘူး။ Village Design တွေ အပြောင်းအလဲ ဖြစ်လာပါတော့မယ်။
  2. VillageGuardVillage Guard ဆိုတာ Player တယောက်ဟာ မိမိရထားသော Shield ကုန်သွားချိန် မှာ အပိုထပ်ဆောင်းရထားတဲ့ အချိန်ကို ဆိုလိုတာ ပါ။ Village Guard ကို လူတိုင်း ရှိမှာ ဖြစ်ပါတယ် ။ သိုပေမယ့် ရရှိသော Village Guard Shield ဟာ Trophy အနိမ့်အမြင့်ပေါ်မူတည်ပြီးကွာခြားသွားမှာပါ။ Trophy အနိမ့်အမြင့် အလိုက် 15 Min ကနေ 3 Hours ဖြစ်ပါတယ်။

3. Personal Breakယခင် One Session ကို 6 Hours ဆော့လို့ ရရာကနေ အခု One Session 3 Hours သို့လျှော့ချလိုက်တာ ဖြစ်ပါတယ်

။4. Lootမိမိတွင်ရှိသော Storage တခုစာနှင့်ညီမျှသော Resource တွေကို ထိန်းသိမ်းထားမယ့် Townhall မပါရအောင် မဖြစ်မနေကာကွယ်ရတော့မှာပါ။

5. Leagues BonusLeague Bonus တွေကတော့50% Destruction >> 80% Bonus70% Destruction >> 100% Bonus ကိုရရှိနိုင်မှာဖြစ်ပါတယ်။အပြင်ကို ပတ်ပြီး Collector တွေ ဖြိုရင်တော့ 1 star နဲ့ 80% Bonus ရနိုင်ပါတယ်။ Framing ပုံစံတွေ ပြောင်းလာကြတော့မယ်Bonus က သိပ်မျှော်လင့်ချက်မရှိတော့အကုန်လုံး အပေါ်မှာမနေတော့ပဲ အောက်ကို ပြန်ဆင်းလာကြတော့မယ်။ကျွန်တော်တောင် မနေ့ကနဲ့ ဒီနေ့ ၂ ရက်ပေါင်းကို ဖလား ၂၀၀ လောက် ရလိုက်ပါတယ်။ 

6. Trophy Offerအရင် က ရနိုင်သော အနည်း ဆုံး ဖလား ၁ လုံးတွေ့နိုင်မှု့ ရာခိုင်နှုန်းအား လျှော့ချလိုက်ပြီး ယခု အခါ အနည်းဆုံး ဖလား 4 - 6 လုံး အနည်းဆုံး အဖြစ်ပြောင်းလဲ ပေးလိုက်ပါပြီ။ ပိုကောင်းတာက အရင်လို ဖလားကွာခြားမှု့များ တွေ့ဆုံ ခြင်းမှ ကင်းဝေးသွားသော အချက်ပါ.. ဘယ်သောအခါမှာ ဖလား 59 လုံး ရနိုင်သော Village တွေ့နိုင်တော့ မှာ မဟုတ်ပါဘူး ။

7. Bigger Villageမိမိ တို့ ရဲ့ မူလ Village ကို အနည်းငယ် နေရာချဲ့ လိုက်ပါပြီ...။ အရင် 40 x 40 Dimensions ကနေ 44 x 44 Dimensions သို့ ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။

8. War Preparation TimeWar အတွက် ပြင်ဆင် ချိန် ၂၄ နာရီ ကနေ ၂၃ နာရီ သို့ ပြောင်းလဲ ခြင်းပါ..ဒီနေ့ ည ၇ နာရီမှာ War တွေ့တယ်ဆိုပါတော့။ နောက်နေ့ ည ၆ နာရီဆို War စတိုက်လို့ရပီ။ အဲတော့ သဘက်ခါ ည ၆ နာရီဆိုရင် War ပီးပီ။ အဲတော့ ည ၇ နာရီ War ပြန်စလို့ရပီ။ ဆိုလိုတာကတော့ ဒီ Clan ကတော့ ဒီချိန် War ပုံမှန်တိုက်တယ်ဆိုတာမျိုး လုပ်လို့ရပီပေါ့။ အရင်လို တဖြေးဖြေး နောက်ဆုတ်သွားတယ်ဆိုတာမျိုး မဖြစ်တော့ဘူး

။9.Longer AttackAttacking လုပ်ဖို့ အချိန် ကို လဲ ယခင် ၃ မိနစ်ကနေ အခု ၃မိနစ်၃၀စက္ကန့် အထိသို့ တိုးမြင့်ပေးလိုက်ပါတယ်.။ အရင်လို 99% 1star ဖြစ်နိုင်ခြေ နည်းပါသွားပါတော့မယ်။

10. Spell DonationClan Castle မှ Donate Spell တောင်းလို့ ရမယ့်အချက်ဖြစ်ပါတယ်။သို့သော် တောင်းလို့ရမယ့်Spell ရဲ့ Space ဟာ 1Space သာဖြစ်တာကြောင့်Dark Spell ပဲ တောင်းလို့၊ ပေးလို့ ရကြမှာဖြစ်ပါတယ်။ Clan Castle မှ စပြီး တောင်းလို့ရမှာဖြစ်ပါတယ်ခင်ဗျာ။

11. New Building LevelsGold Storage Level 12Elixir Storage Level 12Wizards Tower Level 9

12. Townhall 11 Extra DefenseTH 11 မှာ 1 XBow , 1 Cannon , 1 Archer Tower, 1 Wizards Tower ပိုရမှာဖြစ်ပါတယ်။

13. Townhall 9 Freeze SpellLevel 1 Freeze Spell ဆို ကို TH9 ရောက်သူတိုင်း စတင်သုံးစွဲခွင့်ရတော့မှာပါ.။

14. New Troops LevelsMinions Level 7Witch Level 3

15. HealerQueen Walk Attack ကို Healer သုံး၍ ဘယ်တော့မှ တိုက်လို့ ရတော့မည်မဟုတ်ပါ။ တကောင်တည်းကသာ Healer ကထောက်ပံ့ပေးမှာဖြစ်ပြီး ယခင်လို့ Healer များစွာ ဖြင့်လုပ်ဆောင်တော့ မှာ မဟုတ်သောကြောင့်ဖြစ်ပါတယ်။

16. SHIELDSSHIELDS ရထားတဲ့ အချိန်မျိုးမှာ ထွက်တိုက်မယ်ဆိုရင် အရင်လို့ SHIELD တခုလုံး ပြုတ်သွားတာမျိုးမဟုတ်တော့ပဲ ပထမဆုံး Att အတွက်၊ ရှိနေတဲ့ Shield အချိန်ထဲက ၃ နာရီ နှတ်ခံရမှာဖြစ်ပြီး နောက်ထပ် နောက်ထပ် ထပ်ပီး Att လုပ်မယ်ဆိုရင် ထပ်ထပ်ပီး နှတ်ခံရမယ်လို့ ပြောထားပါတယ်။ ချက်ချင်း Ravange လုပ်ခံရမှာ မကြောက်ရတော့ဘူးပေါ့ ခင်ဗျာ။

17. OTHERနောက်ထပ် ကျွန်တော် သိသမျှ ကို ပြောပြပေးရရင် Goblin တွေဟာ TH ကို Target ထားတော့မှာ ဖြစ်တဲ့ အပြင် TH ကို ဖြိုတဲ့ အချိန်မှာ Damage ကလဲ ၂ဆ ဖြစ်လာမှာပါတဲ့။Th ထဲ မှာ Loots တွေ ရှိနေတာရော၊ Star ပါ ရမှာဖြစ်တဲ့အတွက်ကြောင့်လို့ ထင်ပါတယ် ခင်ဗျာ။ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ Goblin တွေကို War မှာ သုံးလို့ ရ မရ ဆိုတာ ပြန်သုံးသပ်နိုင်ဖို့အတွက် လိုအပ်လာပါပီ။ နောက်တခုက Traps တွေကို Rearm လုပ်ရမယ့် ဈေးနှုန်းတွေကိုလျှော့ချပေးထားပါတယ် တဲ့။ အဲသလိုပဲ X-Bow ကို Reload လုပ်ရမယ့် ဈေးကိုလဲ လျှော့ချပေးထားပါတယ်။ Barrack တွေကို Boosts လုပ်မယ့်ဈေး ကို Gems 10 လုံးကနေ Gems 5 ကို လျှော့ချပေးထားပါတယ်။ ဒါကတော့ War Donate အတွက် အချိန်မှီ Troops ထုတ်ပေးရတဲ့ Leader and CO တွေ အတွက် သတင်းကောင်းပေါ့ဗျာ။ နောက်တခုက TH10 တွေ အတွက် Finding a match ( Nexting ) ဈေးနှုန်းကို လျှော့ချပေးထားပြန်ပါတယ်။ဒါတွေက ကျွန်တော် သိသမျှ ထဲက ထိထိရောက်ရောက် အကျိုးသက်ရောက်မှုပေးတဲ့ အချက်တွေကို ပြောပြပေးထားတာပါ။ သိပ် အကျိုးသက်ရောက်မှု မရှိသော War Search Icon ပြောင်းသွားတာ၊ အကျိုးသက်ရောက်မှု ရှိသော်လဲ လူသိများပြီးသားTH11 ပါလာမယ် ဆိုတာလောက်ကိုတော့ ရေးမပြတော့ပါဘူး။
တကယ်လို့ လိုအပ်ချက်တွေ ရှိခဲ့ရင်လဲ ဖြည့်ပြောပေးဖို့ COC Player များ အားလုံးကိုယ်စားကျွန်တော်က တောင်းဆိုလိုက်ပါတယ် ခင်ဗျာ။

Comments

Popular posts from this blog

War Matchmarking အကြောင်း တစေ့တစောင်း (zulu)

Clan ဝင်မည်ဆိုလျှင် သတိထားးသင့်သည့်အချက်များ