ကိုယ့်ဆီက သိပ်မပါအောင် ဘယ်လိုကာကွယ်ကြမလဲ(zulu)




ဒီဇင်ဘာ update နောက်ပိုင်းမှာ shield ကို အလကားမရတော့ပါဘူး။ အဲဒီတော့ ကိုယ့်ဆီက loot လို့ခေါ်တဲ့ ရွှေနှင့်ဆေးရည်တွေကို အတတ်နိုင်ဆုံးကာကွယ်ဖို့ ကျနော်တို့ဘာတွေလုပ်ဖို့လိုလာပြီလဲ။ ဒီစာစုထဲမှာတော့ ကျနော်တို့ရဲ့base ကို ပြောင်းလည်းသွားတဲ့ စည်းမျဉ်းအသစ်တွေနှင့် လိုက်ဖက်စွာ ကာကွယ်နိုင်ဖို့ အသုံးဝင်မယ့် အကြံပြုချက်တွေကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။

Tombstone လို့ခေါ်တဲ့ အုတ်ဂူလေးတွေကို မရှင်းပစ်ပါနဲ့update မတိုင်ခင်အရင်ကတော့.. ကိုယ့်ရဲ့ farming base က tombstone (လာတိုက်တဲ့စစ်သည်တွေသေသွားရင် ကျန်ခဲ့တဲ့ အုတ်ဂူလေးတွေ)ကို အမြဲရှင်းလင်းပေးတာကောင်းပါတယ်၊ ဒါမှသာ ကိုယ့်ကို လာတိုက်မယ့်သူတွေ ‘ရှိန်’မှာဖြစ်ပါတယ်၊ ဒီbase ဟာ active ဖြစ်ပြီး.. ထောင်ချောက်တွေလည်း အလုပ်လုပ်နေတယ်ဆိုတာ သိမှာဖြစ်ပါတယ်။ တော်ရုံနဲ့ မတိုက်တော့ပါဘူး၊ အဲဒီအစား အပြင်ထုတ်ပေးထားတဲ့ town hall ကို တိုက်တဲ့သူပိုများနိုင်ချေရှိပါတယ်။ ခု အဲဒီလိုမရတော့ပါဘူး။ အဲဒီတော့ ကိုယ့် base ကို အထင်သေးပြီးခပ်ညံ့ညံ့သမားတွေ လာတာပိုကောင်းပါတယ်။ ဒါကြောင့် အုတ်ဂူလေးတွေကို မဖယ်ပစ်ပါနဲ့။

Town Hall ကို ဗဟိုမှာ မထားနိုင်ရင်တောင် Castle ရဲ့ အကာအကွယ်အောက်မှာ ရှိပါစေကိုယ့်ကိုလာတိုက်သူတွေက စစ်သည်အတော်များများ သုံးပြီးတိုက်မှ ကိုယ်က shield ရမှာဖြစ်ပါတယ်။ town hall ကို base အတွင်း ခပ်နက်နက် ထည့်မထားခဲ့ရင် ဖလားရှာသူတွေက စစ်သည်နည်းနည်းလောက်နဲ့ ကိုယ့် base ကို ဖေါက်... ပြီးရင် archer queen နဲ့ town hall ချိုးသွားနိုင်ပါတယ်။ ဒါဆို ကိုယ်က shield ရလိုက်မှာ မဟုတ်ပါဘူး။ shield ရဖို့ဆိုရင် အနည်းဆုံး(ကိုယ့် army camp max size ရဲ့ သုံးပုံတစ်ပုံနှင့် ညီမျှတဲ့)စစ်သည်ကို သုံးပြီး တိုက်ခံရဖို့လိုပါတယ်။Collector တွေကို အပြင်ဖက်မှာ ထားပါကျနော်တို့ဟာ shield ရဖို့လိုတာပါ၊ ကျနော်တို့ဟာ ကိုယ့်ထက်အင်အားသေးသူတွေက လာပြီးတိုက်တာ ခံချင်တာပါ၊ ဟုတ်တယ်ဟုတ်..။ ဒါဆိုရင် ရွှေတွင်းနှင့် ဆေးရည်ထုတ်တဲ့ ပန့်တွေကို wall တွေအပြင်ဖက်မှာ ထားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ collector တွေက bb arc လို စစ်သည်အငယ်တွေသုံးပြီး တိုက်တဲ့သူတွေကို ဆွဲဆောင်နိုင်လို့ပါပဲ။ ဒီနည်းအလုပ်ဖြစ်ဖို့ collector တွေထဲက အရည်တွေ၊ gold mine ထဲက ရွှေတွေကို အကုန် သိမ်းယူလို့မဖြစ်ပါဘူး။ တချို့ကို ချန်ထားပါ။ လာတိုက်တဲ့သူတွေ ယူဖို့ထားပေးပါ၊ အပြန်အလှန်အားဖြင့် သူတို့က shield ပေးခဲ့ပါလိမ့်မယ်။ Barch (bb and arc)နဲ့ တိုက်ခံရတာဟာ Gowipe နဲ့ တိုက်ခံရတာနဲ့ စာရင် အများကြီး သက်သာတယ်ဟုတ်?

Dark Elixir Drill တွေကို တ၀က်တပျက် ကာကွယ်ထားပါDE Drill တွေကို gold mine, elixir collector တွေနှင့် ကာကွယ်ရေးမှာအသုံးမ၀င်တဲ့ တခြားအဆောက်အဦတွေ(camp, barrack, spell factory စသည်) ရဲ့နောက်မှာ ဖွက်ထားပါ။ (base အတွင်းပိုင်းထိတော့ မဖွက်ပါနဲ့လို့ ဆိုလိုပါတယ်။) စစ်သည်အငယ်တွေနဲ့ farm တဲ့သူတွေဟာ DE ရဖို့ drill တွေကို ပစ်မှတ်ထားတတ်ကြပါတယ်၊ တချို့က drill ထဲမှာ DE ဘယ်လောက်ရှိလဲမတွက်တတ်ကြပါဘူး။ drill တွေကို အပြင်ဖက် လွတ်လွတ်ကျွတ်ကျွတ်ထုတ်ထားရင်တော့လည်း လာတိုက်တဲ့သူက စစ်သည် နည်းနည်းလေးပဲသုံးပြီး ဖလားအရှုံးခံပြီး တိုက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဆီက အဆောက်အဦတော်တော်များများ ပြိုဖို့နှင့် သူ့ဆီက စစ်သည်အတော်များများ ဆုံးရှုံးဖို့အတွက် DE Drill တွေကို တ၀က်တပျက် ကာကွယ်ထားဖို့လိုပါတယ်။ကာကွယ်ရေးမှာ အသုံးမ၀င်တဲ့အဆောက်အဦတွေကို အပြင်လွတ်လွတ်ကျွတ်ကျွတ်ထုတ်ထားပါရည်ရွယ်ချက်က ကိုယ့်ကိုလာတိုက်တဲ့သူတွေအဖို့ 50%ရလွယ်ဖို့ဖြစ်ပါတယ်။ ထားရမယ့်ပုံစံက ကျနော်တို့ war base တွေမှာ builder hut ကို ထောင့်ကပ်တဲ့ပုံစံမျိုးပါ။ war မှာက လာတိုက်တဲ့သူကို အချိန်မမီအောင်လုပ်တာဖြစ်ပေမယ့် ခုရည်ရွယ်ချက်ကတော့ သူ့ကို 50% ရလွယ်စေဖို့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်base ဟာ အဆောက်အဦအလွတ်တွေများပြီး စစ်သည်အငယ်လေးတွေနဲ့တိုက်ရင်တောင် 50% ဖို့လွယ်တယ်ဆိုရင်အဲဒီလိုနည်းစနစ်နဲ့ farm တဲ့သူတွေကို ပိုပြီးဆွဲဆောင်နိုင်လို့ပါပဲ။ သူတို့မတိုက်ရင် Gowipe နဲ့ farm တဲ့သူတွေနဲ့ တွေ့စရာအကြောင်းရှိပါတယ်။

Town Hall ကို အသေအချာကာကွယ်ထားပါအခုစနစ်အရ town hall ထဲမှာ gold storage တစ်လုံးစာ ရွှေ၊ elixir storage တစ်လုံးစာ ဆေးရည်နှင့် DE storage တစ်လုံးရဲ့ ၄ ပုံ ၁ ပုံ ဆေးရည်နက်တွေ လှောင်ထားပါပြီ။ ဒါကြောင့် Town Hall ကို ကောင်းကောင်းကာကွယ်ထားပါ။DE Storage ကိုလည်း မမေ့ပါနဲ့farmer တွေဟာ Town Hall ကို ပိုပြီးလိုချင်လာတယ်ဆိုပေမယ့် DE Storage ဟာလည်း farmer တွေ ပစ်မှတ်ထားတဲ့ storage တစ်ခုဖြစ်နေဆဲပါပဲ။Gold Storage နှင့် Elixir Storage တွေကို အကာအကွယ်လျော့နည်းသွားတာကိုတော့ မစိုးရိမ်ပါနဲ့town hall တစ်ခုထဲမှာပင် storage ၂ ခုစာထက်ပိုလာပြီဆိုတော့ ဒီလောက်များပြားတဲ့ storage တွေ အကုန်လုံးကို တပြေးညီ ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီ့အပြင်လည်း လူတော်တော်များများ မေ့နေတဲ့အချက်က gold and elixir storage တွေရဲ့ ၀င်ဆံ့မှုဟာ လျော့နည်းသွားပြီဆိုတာပါပဲ (town hall ထဲမှာ ခွဲသိမ်းတဲ့အတွက်ဖြစ်ပါတယ်။ update အသစ်အရ Gold ၆ သန်း စုနိုင်တဲ့ TH8 ရဲ့ gold storage တစ်လုံးမှာ ၂ သန်း မဆံ့တော့ပါဘူး။) ဒါကြောင့် gold and elixir storage တွေဟာ တန်ဖိုးနည်းနည်းလျော့လာပါတယ်။ ဆိုလိုတာက ရှိသမျှ storage တွေနှင့် town hall ကို အလယ်ဗဟိုအကန့်မှာ စုပြုံထားဖို့အရေး အာရုံစိုက်စရာ မလိုတော့ပါဘူး။ အဲဒီလို စုပြုံထားရင်လည်း ကိုယ့်base ဟာ ကာကွယ်ရေးကောင်းမှာ မဟုတ်တော့ဘူးလို့ ပြောနိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် အလယ်ဗဟိုအကန့်ကြီးလာရင် ဖေါက်ထွင်းဖို့ပိုလွယ်လာလို့ပါ၊ အကောင်ကြီးတွေသုံးပြီး farm တဲ့သူတွေကို ပိုပြီး မျက်စေ့ကျစေလို့ပါ (barch သမားတွေက အနားမကပ်တော့ဘူး)။ နောက်ပြီး အလယ်ဗဟိုအကန့်ကြီးလာတော့ defense tower တွေ ပိုပြီး ပြန့်ကျဲသွားလို့ပါ။လက်သမားတဲတွေကိုလည်း အပြင်မှာပဲထားသင့်တယ်လက်သမားတဲတွေကိုလည်း အပြင်မှာ ထုတ်ထားသင့်ပါတယ်.. wall breaker အာရုံလွှဲဖို့နှင့် တခြားလမ်းကြောင်းပြောင်းတဲ့အလုပ်တွေမှာ အသုံးမချဘူးဆိုရင်ပေါ့။ (wall breaker အာရုံလွှဲဖို့ ဘယ်လိုလုပ်ရသလဲဆိုရင် ကိုယ့်ရဲ့ main wall ရှေ့မှာ builder hut တစ်ခုဝင်သာရုံ wall အကန့်လေးတွေလုပ်ထားပြီး builder hut ထည့်ပေးထားရပါတယ်။ ရန်သူရဲ့ wall breaker တွေဟာ main wall ကို မဖေါက်တော့ဘဲ အရင်ဆုံးတွေ့တဲ့ builder hut ရှိတဲ့ အကန့်ကိုပဲပြေးခွဲတော့တာဖြစ်ပါတယ်... စကားချပ်) လက်သမားတဲတွေဟာ သေးငယ်ပြီး ကြံ့ခိုင်မှုနည်းတာကြောင့် ကျနော်တို့ base ကို လာတိုက်တဲ့အခါ ပျက်စီးမှုရာနှုန်းကို ပိုများစေပါတယ်။ ကျနော်တို့ base ဟာ ၃၀% ပျက်စီးသွားရင် shield ရပြီဖြစ်ပါတယ်။ ဒါကြောင့် လက်သမားတဲတွေကို အပြင်ထုတ်ထားပါ.. ဆောရီးပါ လက်သမားလေးတွေရေ။ဘယ်စနစ်မှာပဲဖြစ်ဖြစ် အားနည်းချက်တွေရှိပါတယ်။ 

Supercell ဟာ coc ကစားသမားတွေ town hall အပြင်မထုတ်အောင် ကာကွယ်တဲ့အနေနဲ့ အပြောင်းအလဲလုပ်ဖို့လိုတာကို လက်ခံပါတယ်။လက်မခံနိုင်တာကတော့ ရှုပ်ထွေးပွေလီတဲ့ စနစ်ကိုပါ။ ကျနော်ကတော့ ရှုပ်ထွေးတာကို မကြိုက်ပါဘူး။ မကောင်းလို့ ပြင်တာဆိုပေမယ့် ရိုးစင်းမှုမရှိရင်တော့ ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်လာပြီး ချို့ယွင်းချက်တွေအပေါ် လူတွေမကျေမနပ်ဖြစ်လာမှာကို မြင်ကြရပါလိမ့်မယ်။ ကျနော်တို့ဟာ shield ရဖို့အရေး၊ ကိုယ့်ဆီက သိပ်မပါသွားဖို့အရေးအတွက် လာတိုက်မယ့်သူတွေကို နည်းမျိုးစုံနှင့် ဆွဲဆောင်နေရမယ်ဆိုရင် ဒါဟာ သိပ်တော့ လမ်းမှန်မဟုတ်သေးဘူးလို့ ထင်ပါတယ်။ ဂိမ်းရေးတဲ့သူတွေကို ကျနော်သာ အကြံပေးခွင့်ရမယ်ဆိုရင် ဒီစိတ်ကူးလေးတစ်ခုကို အရင်ချပြမှာပါ.. ရိုးရိုးရှင်းရှင်းလေးဖြစ်အောင် တတ်နိုင်သမျှလုပ်ပါလို့။ အောင်မြင်မှုဆိုတာ ရိုးစင်းမှုကနေအခြေတည်ပေါက်ဖွါးရတာပါ။ လူ့ဘောင်က လက်ခံထားတဲ့ ရှင်းလင်းပြတ်သားပြီး အပြန်အလှန်ရှိတဲ့ နားလည်မှုဆိုတဲ့ ရိုးစင်းမှုပေါ့။Credit Cocland မှ Chief Ash ရဲ့9 Tips for Defending Your Loot Betterကို အဆင်ပြေအောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျနော် တိုက်ရိုက်ဘာသာပြန်လေ့မရှိပါ၊ တတ်နိုင်သမျှ စုံလင်အောင် ဖတ်ပြီးမှ စုစည်းတင်ပြတာများပါတယ်။ ဒီစာစုကတော့ Chief Ash ရေးထားတာ ပြည့်စုံနေတာကတစ်ကြောင်း၊ လတ်တလောအားဖြင့် update စနစ်သစ်အရ farming base idea တွေ အသည်းအသန်လိုအပ်နေကြလိမ့်မယ်လို့ ယူဆမိတာကတစ်ကြောင်းကြောင့် လက်တမ်းပြန်ရေးလိုက်တာဖြစ်ပါတယ်။ တချို့ စကားချပ်လေးတွေ ထည့်ရေးလိုက်တာကလွဲရင် ကျန်တာအားလုံး မူရင်းရေးသူရဲ့ အာဘော်တွေချည်းပဲဖြစ်ပါတယ်။ Chief Ash ဟာ Farming လောကမှာ ဆရာတစ်ဆူလို့ အများသတ်မှတ်ခံရသူတစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာ clasher များ ပိုမိုအောင်မြင်ကြပါစေ။

Comments

Popular posts from this blog

War Matchmarking အကြောင်း တစေ့တစောင်း (zulu)

Clan ဝင်မည်ဆိုလျှင် သတိထားးသင့်သည့်အချက်များ

clash of clans 2015 ဒီဇင်ဘာ update အကြောင်းများ(Zeker Joe)